ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်၏ စည်းကမ်းချက်များ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်(လေးထပ်ကျောင်း)၏ စည်းကမ်းချက်များ

** ကျောင်းတိုက်မှ အပပြုရမည့် အပြစ်ဒဏ်များ **

  1. ပထမပါရာဇိက/အဗြဟ္မစာရီသိက္ခာပုဒ်များကို လွန်ကျူးခြင်း။
  2. သံဃိကပစ္စည်း/ပုဂ္ဂိုလ်တစ်ဦးဦးပိုင် ပစ္စည်းများကို ခိုးယူခြင်း။
  3. သွေးထွက်သံယိုဖြစ်အောင် ရန်ဖြစ်ခြင်း။
  4. လောင်းကစားမှု တစ်ခုခုပြုခြင်း။
  5. အရက်သေစာသောက်စား/မူးယစ်ဆေးဝါးသုံးစွဲခြင်း။
  6. သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်ထံ ခွင့်ပြုချက်မရဘဲ ကျောင်းတိုက်မှ ထွက်သွားခြင်း။
  7. ကျောင်းတိုက်တာဝန်ရှိ အကြီးအကဲများအား ပုတ်ခတ်ခြင်း။

**ဒဏ်ထမ်းရမည့် အပြစ်များ**

  1. နေလွဲညစာစားခြင်း။
  2. ဆွမ်းခံမလိုက်ခြင်း။
  3. စာဝါမလိုက်ခြင်း။
  4. စာအံကျောင်းမတက်ခြင်း။
  5. သေနာသနဝတ်မပြုခြင်း။
  6. ဆွမ်းစားကျောင်းပေါ်တွင် ဆွမ်းအကုန်မစားဘဲ အိပ်ခန်း ရေချိုးခန်းတွင်း စသည်၌ စားခြင်း။

မှတ်ချက်ပေးရန်

အကြံပေး မေးမြန်းလိုလျှင် ဒီထဲမှာမှတ်ချက်ပေးခဲ့ပါ။