၂၂၇ သွယ်သော ဝိနည်းတော်အကျဉ်း

{ပါရာဇိက ၄ ပါး }
၁ ။ မေထုန်မကျင့်ရ
၂ ။ သူတပါးဥစ္စာမခိုးရ
၃ ။ လူမသတ်ရ မသတ်ခိုင်းရ
၄ ။ ဈာန်မဂ်ဖိုလ်မရဘဲ ရသည်ဟုမပြောရ ။

{သံဃဒိသိသ် ၁၃ ပါး }
၅ ။ သုတ်မလွှတ်ရ
၆ ။ အမျိုးသမီးဟူသမျှ မကိုင်ရ
၇ ။ အမျိုးသမီးနှင့်ညစ်ညမ်းရုန့်ရင်း စကားမပြောရ
၈ ။ မေထုန် အလှူမခံရ
၉ ။ မအောင်သွယ်ရ
၁၀ ။ သံဃာကို မပန်ကြားဘဲ ပမာဏလွန်သောကျောင်း မဆောက်ရ
၁၁ ။ သံဃာကိုမပန်ကြားဘဲ ကျောင်းကြီးမဆောက်ရ
၁၂ ။ မြင်ခြင်း ကြားခြင်း မရှိပါဘဲ ပါရာဇိကနှင့် မစွပ်စွဲရ
၁၃ ။ ပြစ်မှားလိုသောစိတ်ဖြင့် နာမည်တူပြု၍ ပါရာဇိကနှင့် မစွပ်စွဲရ
၁၄ ။ သံဃာကို သင်းမခွဲရ
၁၅ ။ သင်းခွဲသော သံဃာနောက်ကို မလိုက်ရ
၁၆ ။ ဝိနည်းကံ နှင့်အညီ ဆုံးမသည်ကို လိုက်နာရမည်
၁၇ ။ ဝိနည်းကံနှင့် မညီသော သစ်သီးပေးခြင်း ပန်းပေးခြင်း စသည်တို့ကို မပြုရ ။ ဆုံးမသည်ကို လိုက်နာရမည်။

{ အနိယတ ၂ ပါး (ပါသံစိတ် သံစိတ်) }
၁၈ ။ မျက်ကွယ်ရာ၌ ရဟန်းနှင့် မာတုဂါမ နှစ်ဦးတည်းမနေရ
၁၉ ။ နားကွယ်ရာ၌ ရဟန်းနှင့် မာတုဂါမ နှစ်ဦးတည်း မနေရ

{ နိသဂ္ဂိပါစိတ် ၃၀ ပါး }
၂၀ ။ သင်္ကန်းကို အဓိဌာန် ဝိကပ္ပနာမပြုဘဲ (၁၀)ရက်မလွန်စေရ။
၂၁ ။ တိစိဝရိတ်သင်္ကန်းနှင့် ညဉ့်ကင်း၍ မနေရ။
၂၂ ။ ကထိန်ခေတ်မှ လွန်၍ရသော သင်္ကန်းကို တစ်လအတွင်းအဓိဌာန်တင်ရမည်။
၂၃ ။ ဆွေမျိုးမတော်သော ရဟန်းမကို သင်္ကန်းမဖွတ်စေရ။
၂၄ ။ ဆွေမျိုးမတော်သော ရဟန်းမ၏သင်္ကန်းကို အလှူမခံရ။
၂၅ ။ ဆွေမျိုးမတော်သောသူကို သင်္ကန်းတောင်းခွင့်မရှိဘဲ မတောင်းရ။
၂၆ ။ သင်္ကန်းတောင်းခွင်းရှိသော်လည်း နှစ်ထည်ထက်ပိုမတောင်းရ။
၂၇ ။ ဒါယကာတို့ ခန့်မှန်းသည်ထက်သင်္ကန်းဖိုး မစီရင်ရ။
၂၈ ။ ဒါယကာနှစ်ဦး၏ သင်္ကန်းကို ရည်မှတ်သည်ထက် မစီရင်စေရ။
၂၉ ။ သင်္ကန်းဖိုးကို သုံးကြိမ်တောင်း၍ ခြောက်ကြိမ်ထက် ပိုမရပ်ရ။
၃၀ ။ ပိုးနှင့်ချည်ရောလျှင် အခင်းမပြုရ။
၃၁ ။ အမည်း ၊ အနက် သိုးမွေးကို အခင်းမပြုရ။
၃၂ ။ သိုးမွေးအမည်းကို လေးဖို့နှစ်ဖို့ထက် မပိုစေရ။
၃၃ ။ သိုးမွေးအခင်းကို သမုတိမရဘဲ (၆)နှစ်အတွင်း မပြုရ။
၃၄ ။ အဆာနှင့် နိသိဒိုင်ကို အခင်းဟောင်းမှ တစ်ထွာမသွင်းဘဲ မပြုရ။
၃၅ ။ သိုးမွေးကို ကပ္ပိယမရှိဘဲ သုံးယူဇနာထက် လွန်၍မယူရ။
၃၆ ။ ဆွေမျိုးမတော်သည့် ရဟန်းမကို သိုးမွေးမဖွတ်ခိုင်းရ။
၃၇ ။ ရွှေ ၊ ငွေတို့ကို မကိုင်ခံရ။
၃၈ ။ အရောင်းအဝယ် မပြုရ။
၃၉ ။ အလဲ အလှယ် မပြုရ။
၄၀ ။ အဓိဌာန်မတင်ဘဲ (၁၀)ရက်လွန်သော သပိတ်ကို မသုံးရ။
၄၁ ။ သပိတ်အကွဲ (၅)ကွဲမရှိဘဲ သပိတ်မတောင်းရ။
၄၂ ။ ထောပတ်၊ဆီ၊ပျား၊တင်လဲတို့ကို (၇)ရက်ထက်ပိုမထားရ။
၄၃ ။ မိုးရေခံသင်္ကန်းကို (၄)လထက်ပိုမဆောင်ရ
၄၄ ။ ပေးထားသောသင်္ကန်းကို စိတ်ဆိုး၍ ပြန်မတောင်းရ။
၄၅ ။ ချည်ကိုတောင်း၍ မယက်ခိုင်းရ။
၄၆ ။အမျိုးတော်ခြင်းဖိတ်ခြင်းမရှိဘဲရည်မှန်းကာမျှ သင်္ကန်းကို ဝင်၍မစီရင်အပ်။
၄၇ ။ သင်္ကန်းကာလကို (၅)ရက်ထက် မလွန်ရ။
၄၈ ။ သမ္မုတိမရဘဲ တိစီသရိတ်သင်္ကန်းနှင့်(၆) ညဉ့်အကင်းရ။
၄၉ ။ သံဃာညီညွတ်ပြီးသား လာဘ်ကို မိမိသို့ မညွတ်စေရ။

{ သုဒ္ဓပါစိတ် (၉၂)ပါး}
၅၀ ။ မုသားမပြောရ။
၅၁ ။ မဆဲရ။
၅၂ ။ ကုန်းမတိုက်ရ။
၅၃ ။ လူ ၊ သာမဏေနှင့် ပုဒ်ပြိုင်စာမချရ။
၅၄ ။ တစ်ကျောင်းတည်း၌လူ ၊ သာမဏေနှင့် (၃)ညဉ့်ထက် မအိပ်ရ။
၅၅ ။ မာတုဂါမနှင့် တစ်ကျောင်းတည်းမအိပ်ရ။
၅၆ ။ မာတုဂါမနှင့် နှစ်ယောက်ချင်း(၆) ခွန်းထက် မဟောရ။
၅၇ ။ မိမိရသော စျာန်၊မဂ်၊ဖိုလ်ကို လူ၊သာမဏေအား မပြောရ။
၅၈ ။ ရဟန်းတစ်ပါး၏ သံဃဒိသိသ်ကို လူ၊သာမဏေအား မပြောရ။
၅၉ ။ မြေကိုမတူးရ။
၆၀ ။ သစ်ပင်မခုတ်ရ။
၆၁ ။ ရဟန်းတပါးမေးသည်ကို ပြန်၍မပြောဘဲ မနေရ။
၆၂ ။ သမ္မုတိရသောရဟန်းကို မရှုပ်ချအပ်။
၆၃ ။ သံဃိကညောင်းစောင်းကို အပြင်မှာမထားအပ်။
၆၄ ။ သံဃိကအိပ်ရာကို အထဲမှာမထားဘဲ မသွားရ။
၆၅ ။ သံဃိကကျောင်း၌ အိပ်နေသောရဟန်းကို နှိုး၍ မအိပ်ရ။
၆၆ ။ သံဃိကကျောင်းမှ အမျက်ထွက်၍ နှင်မထုတ်ရ။
၆၇ ။ စို့မရိုက်သော ညောင်စောင်းကို မထိုင်ရ။
၆၈ ။ စိမ်းစိုသော ကောက်ပဲမရှိရာ၌ အမိုးသုံးဆင့်ထက်ပို၍ အင်္ဂဒေ မလိမ်းကျံရ။
၆၉ ။ ပိုးရှိသော ရေကို မြေပေါ်၊မြက်ပေါ်သို့ မသွန်ရ။
၇၀ ။ သမ္မုတိမရဘဲနှင့်ရဟန်းမအား မဆုံးမရ။
၇၁ ။ သမ္မုတိရသော်လည်းနေဝင်လျှင် မဆုံးမရ။
၇၂ ။ မနာဖျားဘဲ ရဟန်းမတို့၏ ကျောင်းသို့ သွား၍ မဆုံးမအပ်။
၇၃ ။ ရဟန်းမများအား ဆုံးမသော မထေရ်ကြီးများကို မကဲ့ရဲ့အပ်။
၇၄ ။ ရဟန်းမကို သင်္ကန်းမပေးအပ်။
၇၅ ။ ရဟန်းမကို သင်္ကန်းချုပ်မပေးရ။
၇၆ ။ ရဟန်းမနှင့်တိုင်ပင်၍ ခရီးမသွားရ။
၇၇ ။ ရဟန်းမနှင့်တိုင်ပင်၍ လှေမစီးရ။
၇၈ ။ ရဟန်းမ စီစဉ်သောဆွမ်း မစားရ။
၇၉ ။ အမျိုးသမီးနှင့်နှစ်ယောက်ချင်း မနေရ။
၈၀ ။ ဧည့်သည်အတွက်ဆွမ်းကို တစ်ကြိမ်ထက်ပို၍မစားရ။
၈၁ ။ ရဟန်း(၄)ပါး ထိုင်နေသည့်အခါ၌ထမင်းစားဖိတ်လျှင် မစားရ။
၈၂ ။ ရှေးဦးဒါယကာ၏ ဆွမ်းကို မစားဘဲ နောက်ဆွမ်းကို မစားရ။
၈၃ ။ လက်ဆောင်မုန့်များ သုံးသပိတ်ထက် ပိုအလှူမခံရ။
၈၄ ။ စားနေတုန်း ဆွမ်း၊ ခဲဖွယ်ဘောဇဉ်တို့ကို ပယ်လျှင် နောက်ထပ်မစားရ။
၈၅ ။ ပဝါရိတ်သင့်သော ရဟန်းအား စွပ်စွဲလို၍ ဆွမ်းစားမဖိတ်ရ။
၈၆ ။ နေလွဲသောအခါ ညစာမစားရ။
၈၇ ။ သိုမှီးထား၍ ဘောဇဉ်ကို မစားရ။
၈၈ ။ မနာမဖျားဘဲ မွန်မြတ်သောဘောဇဉ်ကို တောင်းမစားရ။
၈၉ ။ အကပ်မခံဘဲ ဘာကိုမျှမစားရ။
၉၀ ။ ပရိဗိုရ်ကို ဘောဇဉ်မပေးရ။
၉၁ ။ ဆွမ်းခံရာ၌ မာတုဂါမနှင့် စကားပြောလို၍ အဖော်ရဟန်းကို ပြန်မလွှတ်ရ။
၉၂ ။ အကြင်လင်မယား အခန်း၌ မနေရ။
၉၃ ။ မျက်စိကွယ်ရာ၌ မိန်းမနှင့် နှစ်ယောက်ချင်း မနေရ။
၉၄ ။ နားကွယ်ရာမှ မိန်းမနှင့် နှစ်ယောက်ချင်း မနေရ။
၉၅ ။ ဆွမ်းစားပင့်ဖိတ်သော အိမ်မှတပါး အခြားအိမ်သို့ မလှည့်ရ။
၉၆ ။ ဆေးပစ္စည်းကို ဖိတ်ကြားထားသည်ထက် လွန်၍ မတောင်းရ။
၉၇ ။ အင်္ဂါ(၄)ပါးရှိသော စစ်ဒရိန်းပြရာသို့ သွား၍ မကြည့်ရ။
၉၈ ။ အကြောင်းရှိ၍ စစ်မြေပြင်သို့ သွားသော် (၇)ရက်ထက် မလွန်ရ။
၉၉ ။ စစ်ဆင်ရာအရပ်သို့ မသွားရ။
၁၀၀ ။ ယစ်မျိုးငါးပါး မသောက်ရ။
၁၀၁ ။ ရဟန်းချင်း ချိုင်းထိုး မကျီစားရ။
၁၀၂ ။ ရေထဲမှာ မကစားရ။
၁၀၃ ။ သိက္ခာကြီး၊ဝါတော်ကြီးကို မရိုမသေမနေရ။
၁၀၄ ။ ရဟန်းချင်း မလှန့် မခြောက်ရ။
၁၀၅ ။ ရဟန်းသည် မနာမဖျားဘဲ မီးမမွေးရ။
၁၀၆ ။ မဇ္ဈိမဒေသ၌နေသော ရဟန်းသည်(၁၅)ရက်တစ်ကြိမ် ရေချိုးရမည်။
၁၀၇ ။ ဗိန္ဓုမထိုးဘဲ သင်္ကန်းမဝတ်ရ။
၁၀၈ ။ ဝိကပ္ပနပြုသည့် သင်္ကန်းကို ဝိကပ္ပနမပြန်ဘဲ မသုံးရ။
၁၀၉ ။ ပရိက္ခရာရှစ်ပါးကို မဝှက်ရ ၊ မကျီစားရ။
၁၁၀ ။ ပိုး၊တိရစ္ဆာန်တို့ကို မသတ်ရ။
၁၁၁ ။ ပိုးရှိသော ရေကို မသောက်ရ။
၁၁၂ ။ ငြိမ်းအေးပြီးသော အဓိကရုဏ်းကို မချောက်ချားစေရ။
၁၁၃ ။ ရဟန်းတစ်ပါး၏ သံဃဒိသိသ်အာပတ်ကို မဖုံးကွယ်ရ။
၁၁၄ ။ အသက်(၂၀)မပြည့်သောသူအား ရဟန်းမခံစေရ။
၁၁၅ ။ ခိုးသား၊ဓားပြနှင့် တိုင်ပင်၍ ခရီးမသွားရ။
၁၁၆ ။ အမျိုးသမီးများနှင့် တိုင်ပင်၍ ခရီးမသွားရ။
၁၁၇ ။ မိစ္ဆာဒိဌိဝါဒများကို မယူရ။၁၁၈ ။ မိစ္ဆာဒိဌိဝါဒကိုမစွန့်၍ နှင်ထုတ်အပ်သောရဟန်းနှင့် ဓမ္မသမ္ဘောဂ၊ အာဝါသ,သမ္ဘောဂ မပြုရ။
၁၁၉ ။ မိစ္ဆာဒိဌိဝါဒကိုမစွန့်၍ နှင်ထုတ်အပ်သော သာမဏေနှင့် ဓမ္မသမ္ဘောဂ၊ အာဝါသ,သမ္ဘောဂ မပြုရ။
၁၂၀ ။ ဝိမည်းဓိုရ်များ၏ စကားကို ရိုသေစွာ နားထောင်ရမည်။
၁၂၁ ။ သိက္ခာပုဒ်များကို မကဲ့ရဲ့ရ။
၁၂၂ ။ ပါတိမောက်ပြရာ၌ ပြောင်လှောင်မှုမပြုရ။
၁၂၃ ။ ရဟန်းချင်း မရိုက်နှက်ရ။
၁၂၄ ။ ရဟန်းကို လက်ဖြင့်မရွယ်ရ။
၁၂၅ ။ လူ ၊ သာမဏေတို့ကိုလည်း မရိုက်နှက်ရ။
၁၂၆ ။ ရဟန်းကို နှလုံးမသာအောင်မပြောရ။
၁၂၇ ။ ရဟန်းချင်း ရန်ဖြစ်နေသည်ကိုချောင်း၍ နားမထောင်ရ။
၁၂၈ ။ ဆန္ဒမဲပေးပြီး မကဲ့ရဲ့ရ။
၁၂၉ ။ ဝိနည်းကံကို ဆန္ဒမပေးဘဲ မသွားရ။
၁၃၀ ။ တိုင်ပင်၍ သင်္ကန်းပေးပြီးမှမကဲ့ရဲ့ရ။
၁၃၁ ။ သံဃာအား ညီညွတ်ပြီးသောလာဘ်ကို ပုဂ္ဂိုလ်သို့ မညွတ်စေရ။
၁၃၂ ။ မင်း၊မိဖုရား အိပ်ခန်းထဲသို့ မဝင်ရ။
၁၃၃ ။ကျောင်းအရံအပြင်ဘက် ရတနာကို မကောက်ရ။
၁၃၄ ။ ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ နေလွဲ ရွာဝင် မသွားရ။
၁၃၅ ။ ဆင်စွယ်ကို အပ်ကျည်မလုပ်ရ။
၁၃၆ ။ တစ်တောင့်ထွာထက်ပိုမြင့်သော ညောင်စောင်း၌ မအိပ်ရ။
၁၃၇ ။ ညောင်စောင်းထဲမှာ လဲထည့်၍ မလုပ်ရ။
၁၃၈ ။ အလျားနှစ်ထွာ၊ အနံတစ်ထွာခွဲ၊ အဆာတစ်ထွာထက်ပို၍ နိသိဒိုင် မပြုလုပ်ရ။
၁၃၉ ။ အမာလွှမ်းသင်္ကန်းကို အလျား(၄)ထွာ ၊ အနံ (၂)ထွာထက် မပိုရ။
၁၄၀ ။ မိုးရေခံ သင်္ကန်းကို အလျား (၆)ထွာ ၊ အနံ (၂)ထွာထက် မပိုရ။
၁၄၁ ။ ဘုရားသင်္ကန်း ပမာဏကို မပြုရ။

{ပါဋိဒေသနီ(၄)ပါး }
၁၄၂ ။ ရဟန်းမ၏ ဘောဇဉ်ကို မိမိလက်ဖြင့် မယူရ။
၁၄၃ ။ ဒါယကာများ ဆွမ်းကျွေးရာ ရဟန်းမများ ဝင်၍စီစဉ်လျှင် မောင်းမဲတားမြစ်ရမည်။
၁၄၄ ။ သမ္မုတိရသော သေက္ခအိမ်ကို ဆွမ်းမခံရ။
၁၄၅ ။ ဘေးရန်ရှိသည်ကိုမပြောကြားဘဲ အရံတွင်း၌ မိမိလက်ဖြင့် ဘောဇဉ်မခံယူအပ်။

{သေခိယ (၇၅)ပါး}
၁၄၆ ။ သင်္ကန်းကို ညီညီဝတ်ရမည်။
၁၄၇ ။ သင်္ကန်းကို ညီညီရုံရမည်။
၁၄၈ ။ လည်၊လက်ကောက်ဝတ်ဖုံးလျက် ရွာထဲသွားရမည်။
၁၄၉ ။ လည်၊လက်ကောက်ဝတ်ဖုံးလျက် ရွာထဲမှာနေရမည်။
၁၅၀ ။ မျက်စိဣန္ဒြေစောင့်၍ ရွာထဲမှာ သွားရမည်။
၁၅၁ ။ မျက်စိဣန္ဒြေစောင့်၍ ရွာထဲမှာနေရမည်။
၁၅၂ ။ မျက်လွှာချ၍ ရွာထဲမှာသွားရမည်။
၁၅၃ ။ မျက်လွှာချ၍ ရွာထဲမှာ နေရမည်။
၁၅၄ ။ သင်္ကန်းကိုပင့်၍ ရွာထဲမှာ မနေရ။
၁၅၅ ။ သင်္ကန်းကို ပင့်၍ ရွာထဲမှာမသွားရ။
၁၅၆ ။ ရွာထဲမှာကျယ်ကျယ်ရယ်၍ မသွားရ။
၁၅၇ ။ ရွာထဲမှာ ကျယ်ကျယ်ရယ်၍ မနေရ။
၁၅၈ ။ ရွာထဲမှာကျယ်ကျယ် စကားပြော၍ မသွားရ။
၁၅၉ ။ ရွာထဲမှာ ကျယ်ကျယ်စကားပြော၍ မနေရ။
၁၆၀ ။ ရွာထဲမှာ ကိုယ်ကို လှုပ်၍ မသွားရ။
၁၆၁ ။ ရွာထဲမှာ ကိုယ်ကို လှုပ်၍ မနေရ။
၁၆၂ ။ ရွာထဲမှာ လက်ရုံးကိုလှုပ်၍မသွားရ။
၁၆၃ ။ ရွာထဲမှာ လက်ရုံးကိုလှုပ်၍မနေရ။
၁၆၄ ။ ရွာထဲမှာ ဦးခေါင်းကိုလှုပ်၍ မသွားရ။
၁၆၅ ။ ရွာထဲမှာ ဦးခေါင်းကိုလှုပ်၍ မနေရ။
၁၆၆ ။ ရွာထဲမှာ ခါးထောက်လျက် မသွားရ။
၁၆၇ ။ ရွာထဲမှာ ခါးထောက်လျက် မနေရ။
၁၆၈ ။ ရွာထဲမှာ ခေါင်းမြီးခြုံ၍မသွားရ။
၁၆၉ ။ ရွာထဲမှာ ခေါင်းမြီးခြံု၍မနေရ။
၁၇၀ ။ ရွာထဲမှာ ခြေဖျားထောက်၍ မသွားရ။
၁၇၁ ။ ရွာထဲမှာ လက်ဖြင့် ဒူးကိုပိုက်၍၎င်း၊ သင်္ကန်းပတ်၍၎င်း မနေရ။
၁၇၂ ။ မရိုမသေ ဆွမ်းမခံရ။
၁၇၃ ။ သပိတ်၌ အမှတ်ထား၍ ဆွမ်းခံရမည် ။
၁၇၄ ။ လေးပုံတစ်ပုံ ထက်ပို၍ ဆွမ်းဟင်းမခံရ။
၁၇၅ ။ သပိတ်အနားရေးထက်ပို၍ ဆွမ်းမခံရ။
၁၇၆ ။ ဆွမ်းကိုရိုသေစွာ စားရမည်။
၁၇၇ ။ သပိတ်ထဲ၌ အမှတ်မထားဘဲ မထားရ။
၁၇၈ ။ ဆွမ်းကို အစဉ်လိုက်စားရမည်။
၁၇၉ ။ ဆွမ်း၏လေးပုံတစ်ပုံထက်ပို၍ ဆွမ်းဟင်းကို မစားရ။
၁၈၀ ။ ဆွမ်းဦးကို နှိပ်၍ မစားရ။
၁၈၁ ။ ဟင်းလျာများကို ဆွမ်းနှင့်ဖုံး၍မစားရ။
၁၈၂ ။ မနာဖျားဘဲ ဟင်းလျာတောင်း၍ မစားရ။
၁၈၃ ။ ကဲ့ရဲ့လို၍ သူတစ်ပါးသပိတ်ကို မကြည့်ရ။
၁၈၄ ။ ဆွမ်းလုတ်ပမာဏထက် မလွန်ရ။
၁၈၅ ။ ဆွမ်းလုတ်ကို အဝန်းညီအောင်ပြု၍ စားရမည်။
၁၈၆ ။ ဆွမ်းမရောက်ခင် ခံတွင်းမဖွင့်ရ။
၁၈၇ ။ ဆွမ်းစားလျက် ခံတွင်းဖွင့်ထားခြင်း မပြုရ။
၁၈၈ ။ ဆွမ်းစားလျက် စကားပြောခြင်း မပြုရ။
၁၈၉ ။ ဆွမ်းလုတ်ကို မြောက်၍မစားရ။
၁၉၀ ။ ဆွမ်းလုတ်ကို ဖြတ်၍မစားရ။
၁၉၁ ။ ပါးစောင်၌ ဆွမ်းလုတ်ငုံ၍ မစားရ။
၁၉၂ ။ ဆွမ်းစားရင်း လက်မခါရ။
၁၉၃ ။ ဆွမ်းလုံးကို ကြဲ၍ မစားရ။
၁၉၄ ။ လျှာထုတ်၍ ဆွမ်းစားခြင်းမပြုရ။
၁၉၅ ။ ပျတ်ပျတ်မြည်အောင် ဆွမ်းမစားရ။
၁၉၆ ။ ရှုပ်ရှုပ်မြည်အောင် ဆွမ်းမစားရ။
၁၉၇ ။ လက်ကိုလျှက်၍ဆွမ်းမစားရ။
၁၉၈ ။ သပိတ်ကိုခြစ်၍ ဆွမ်းမစားရ။
၁၉၉ ။ နှုတ်ခမ်းကိုလျက်၍ ဆွမ်းမစားရ။
၂၀၀ ။ ဆွမ်းလုံးပေကျံသောလက်နှင့် ရေခွက်ကို မကိုင်ရ။
၂၀၁ ။ သပိတ်ဆေးရေကို ရွာထဲမှာမသွန်ရ။
၂၀၂ ။ ထီး လက်၌ရှိသောသူကိုတရားမဟောရ။
၂၀၃ ။ တုတ်လက်၌ရှိသောသူကို တရားမဟောရ။
၂၀၄ ။ ဓား လက်၌ရှိသောသူကိုတရားမဟောရ။
၂၀၅ ။ လေး လက်၌ရှိသောသူကိုတရားမဟောရ။
၂၀၆ ။ ခြေနင်းစီးထားသောသူကို တရားမဟောရ။
၂၀၇ ။ ဖိနပ်စီးထားသောသူကို တရားမဟောရ။
၂၀၈ ။ ယာဉ်စီး၍နေသောသူကို တရားမဟောရ။
၂၀၉ ။ အိပ်ရာနေရာ၌ နေသောသူကို တရားမဟောရ။
၂၁၀ ။ အာယောဂပတ်ဖွဲ့သူကို တရားမဟောရ။
၂၁၁ ။ ဦးရစ်ခေါင်းပေါင်းထားသူကို တရားမဟောရ။
၂၁၂ ။ အိပ်ရာနေရာထက်၌ နေသောသူကို တရားမဟောရ။
၂၁၃ ။ ခေါင်းမြီးခြံုထားသူကို တရားမဟောရ။
၂၁၄ ။ နိမ့်ရာကနေ၍ မြင့်ရာ၌ နေသောသူကို တရားမဟောရ။
၂၁၅ ။ ရပ်လျက် ထိုင်နေသောသူကိုတရားမဟောရ။
၂၁၆ ။ ရှေ့ကသွားသောသူကို နောက်ကလိုက်၍ တရားမဟောရ။
၂၁၇ ။ လမ်းကိုသွားသောသူကို လမ်းမဟုတ်ရာက တရားမဟောရ။
၂၁၈ ။ မတ်တတ်ရပ်လျက် ကျင်ကြီး၊ ကျင်ငယ် မစွန့်ရ။
၂၁၉ ။ မြက်၊သစ်ပင်ရှိရာ ကျင်ကြီး၊ ကျင်ငယ်၊ နှပ်၊တံတွေး မစွန့်ရ။
၂၂၀။ ရေထဲမှာ ကျင်ကြီး၊ကျင်ငယ်၊နှပ်၊တံတွေး မစွန့်ရ။(နာဖျားသော ပုဂ္ဂိုလ်တို့ကိုမူ ဟောပြောတရားပြခြင်း၊နာဖျားချိန်၌ ကျင်ကြီး၊ကျင်ငယ်၊တံတွေး စွန့်ပစ်ခြင်းတို့ကို ခွင့်ပြုပါသည်။)

{အဓိကရဏ သမထ(၇) ပါး}
၂၂၁ ။ သံဃာဝတ္ထု၏ ဟုတ်မှန်ခြင်း ၊ဓမ္မဝိနည်း ပုဂ္ဂိုလ်တို့၏ မျက်မှောက်ရှိသည်၏ အဖြစ်ဟူသော သမ္မုခါဝိနည်း။
၂၂၂ ။ ရဟန္တာပုဂ္ဂိုလ်အား ပေးအပ်သော သတိဝိနည်း။
၂၂၃ ။ ရူးသောရဟန်းအား ပေးအပ်သော အမူဠဝိနည်း။
၂၂၄ ။ ဝန်ခံသဖြင့် ငြိမ်းစေအပ်သော ပဋိညာတကာရေတဗ္ဗဝိနည်း။
၂၂၅ ။ ဓမ္မဝါဒီ ရဟန်းများရာသို့လိုက်၍ပြုအပ်သောယေဘုယျဝိနည်း။
၂၂၆ ။ ယုတ်မာသောရဟန်းအား ပေးအပ်သော တဿပါပိယသိကဝိနည်း။
၂၂၇ ။ မစင်ကို မြက်ဖြင့် ဖုံးလွှမ်းသကဲ့သို့သော တိဏဝတ္တာရကဝိနည်း။

ကျမ်းမှီ
၁ ။ ဘုရားဥပဒေတော်ကြီး၊ "အရှင်ဇနကာဘိဝံသ"။
၂ ။ ပါတိမောက်ဘာသာဋိကာ၊ "အရှင်ဇနကာဘိဝံသ"။
၃ ။ နိဗ္ဗာန်လမ်းညွှန်ကျမ်း၊ "ဘဒ္ဒန္တပညာသာရ"။
၄ ။ ဝိနည်းတော် ဥပဒေတော်ကြီး၊ "အရှင် ဩဘာသ"။
၅ ။ ဖားအောက်တောရ ဆရာတော်ကြီး၏ ဝိနည်းဥပဒေဆိုင်ရာ ဟောကြားတိတ်ခွေများ။
ဓမ္မဒါန ......မှ ကူးယူဖော်ပြပါသည်။

ဝိနည်းတော်ထဲ မပါဘဲ ဒေဝဒတ်၏ ဘုရားထံ တောင်းဆိုသော ဥပဒေများ ကို အောက်တွင်ဖော်ပြလိုက်ပါသည်။

ဒေဝဒတ် တောင်းဆိုသော အချက် ၅ ချက်
၁ ။ သံဃာတော်များ ကပ်လှူဆွမ်းအစား ခံဆွမ်းသာစားရန်။
၂ ။ လှူသင်္ကန်းအစား ပံသကူသာဝတ်ရန်။
၃ ။ ကျောင်းတိုက်အစား သစ်ဝါးရိပ်တွင်သာ သီတင်းသုံးရန်။
၄ ။ သင်္ကန်းသုံးထည်ထက်ပို မထားရန်။
၅ ။ သတ်သတ်လွတ် ဆွမ်းဟင်းများသာစားရန်။

Credit>> Oo Manaw


မှတ်ချက်ပေးရန်

အကြံပေး မေးမြန်းလိုလျှင် ဒီထဲမှာမှတ်ချက်ပေးခဲ့ပါ။