ဒုစရိုက် တရား(၁၀)ပါး

ဒုစရိုက် တရား(၁၀)ပါး

ပုဂ္ဂိုလ်တစ်ယောက်သည် ကိုယ် နှုတ် စိတ် သုံးပါးဖြင့် ကျူးလွန်ရန်အတွက် အကုသိုလ် ဒုစရိုက်များစွာ ရှိလေသည်။

ကိုယ်ဖြင့် ကျူးလွန်သော ဒုစရိုက်များမှာ

၁။ သူတစ်ပါး အသက်ကိုသတ်ခြင်း (ပါဏတိိပါတကံ)
၂။ သူတစ်ပါး ဥစ္စာ ခိုးယူခြင်း (အဒိန္နာဒါနကံ)
၃။သူတစ်ပါး သားမယားပြစ်မှားခြင်း(ကာမေသုမိစ္ဆာစာရကံ)နှင့််သေရည်သေရက်သောက်ခြင်းများ ဖြစ်ပါသည်။

နှုတ်ဖြင့်ပြစ်မှားသော ဒုစရိုက်များမှာ

၁။ လိမ်လည်ပြောဆိုခြင်း(မုသာဝါဒ)
၂။ကုန်းတိုက်စကားဆိုခြင်း(ပိသုဏဝါစာ)
၃။ ကြမ်းတမ်းညစ်ညမ်းသော စကားဆိုခြင်း(ဖရုဿဝါစာ)
၄။အချည်းနှီ ပြိန်ဖျင်းသောစကားပြောဆိုခြင်း(သမ္ဖပ္ပလာပဝါစာ)

စိတ်ဖြင့် ကျူးလွန်သောဒုစရိုက်တရားများမှာ

၁။ အခြားလူများ၏ စည်းစိမ်ချမ်းသာကို မိမိစည်းစိမ်ဖြစ်ရန်ကြံစည်ခြင်း(အဘိဇ္ဈာ)
၂။သူတပါး ပျက်စီး ဆုံးရှုံးစေရန် ကြံစည်ခြင်း (ဗျာပါဒ)
၃။ အယူလွဲမှားခြင်း (မိစ္ဆာဒိဌိ) တို့ပင်ဖြစ်လေသည်။

ဤအကုသိုလ် ဒုစရိုက်များအားလုံးကို ရှောင်ကြဉ်ခြင်းသည် မူလအစအခြေခံ သီလကျင့်စဉ်ပင် ဖြစ်ပါသည်။ သီလကျင့်စဉ် ပြည့်စုံသောအခါ မိမိ၏ စကု္ခစသော ဒွါရ ၆-ပါးကို ကာမဂုဏ် အာရုံနယ်၏ဆွဲငင်ရာသို့မပါအောင် ထိန်းသိမ်း စောင့်ရှောက်၍ ရုပ်နာမ် ဓမ္မသင်္ခါရတို့၏ ဖြစ်ပျက်အစဉ်ကိုရှုရမည်။
   

မှတ်ချက်ပေးရန်

အကြံပေး မေးမြန်းလိုလျှင် ဒီထဲမှာမှတ်ချက်ပေးခဲ့ပါ။