ကုသိုလ်နှင့်အကုသိုလ်

လောကဝေါဟာရအားဖြ င့် “အလုပ်” ဒေသနာဝေါဟာရအားဖြင့်“ကံ”သည် ကာယကံ၊ ၀စီကံ၊ မနောကံအားဖြင့်သုံးမျိုးရှိပြီး ကောင်းမကောင်းအားဖြင့် နှစ်မျိုးစီရှိသ ည်။ ကောင်းသောကံကို ကုသိုလ်ဟူ၍ဆိုပြီး မကောင်းသော ကံကို အကုသိုလ်ဟုဆိုသည်။

ကျွနုပ်တို့သည် သံသရာ၌ကျင်လည်နေသ၍ ကာလပတ်လုံး ကုသိုလ်နှင့် အကုသိုလ်နှစ်မျိုးအနက် တမျိုးမျိုးကို အမြဲတစေပြုလုပ်နေကြရ၏။ ကုသိုလ်အလုပ်ဖြစ်ချင်ဖြစ်မည်။ အကုသိုလ်အလုပ်ဖြစ်ချင်ဖြစ်မည်။ နှစ်မျိုးအနက် တစ်မျိုးမျိုးသာ ဖြစ်၏။ ကြားအလုပ်ဟူ၍မရှိ။ မလုပ်ပဲရှောင်လွဲ ၍မရ။ ဤသည်ကိုပင် သတ္တဝါတို့သန္တာန်၌ ကုသိုလ်စိတ်နှင့် အကုသိုလ်စိတ် နှစ်မျိုးမျိုးတို့အနက် တစ်မျိုးမျိုးသည် အမြဲတစေ ဖြစ်နေကြသည်ဟူ၍ ဆိုရ၏။

ကောင်းသောအလုပ်သည် ကုသိုလ်ကံဖြစ်၏ ။ မကောင်းသောအလုပ်သည် အကုသိုလ်ကံဖြစ်၏။ အလုပ်ဟူသမျှသည်ကောင်းမကောင်းနှစ်မျိုးသာရှိပြီး ကြားအလုပ်ဟူ၍မရှိ။ ကံဟူသမျှသည် ကုသိုလ်အကုသိုလ်နှစ်မျိုးသာရှိပြီး ကြားကံဟူ၍မရှိ။ ဤသည်မှာ ပရမတ္တသစ္စာအားဖြင့် အမှန်ဖြစ်၏။ ဤသဘော ကို အတ္တနှင့်အနတ္တဘာသာတရားများအားလုံးက ကောင်းသောအလုပ်ကို လုပ်ရန်နှင့် မကောင်းသောအလုပ် ကိုရှောင်ကြဉ်ရန် သွန်သင်ပြ၏။

သို့ရာတွင်ကောင်းမကောင်းသတ်မှတ်နည်း ကောင်းသောအလုပ်ကိုလုပ်နည်း နှင့် မကောင်းသောအလုပ်ကိုရှောင်နည်းတို့နှင့်စပ်လျည်း၍ သွန်သင်ရာ၌မှု အနတ္တဗုဒ္ဓဒေသနာနှ င့် အတ္တဒေသနာတို့သည် သဘောချင်းမတူညီကြချေ။

သတ္တဝါတို့သည် သံသရာ၌ကျင်လည်နေ သူများဖြစ်၏။ သံသရာသည် အပြော ကျယ်သော သမုဒ္ဒရာနှင့်တူ၏။ သမုဒ္ဒရာသည် ဘေးဘျမ်းအတိပြီး၏။ နှစ်သက်စရာမဟုတ်။

သံသရာ၌ကျင်လည်ခြင်းသည် အပြောကျယ်သော သမုဒ္ဒရာ၌ လက်ပစ်ကူး နေခြင်းနှင့်တူ၏။ သမုဒ္ဒရာ၌ လက်ပစ်ကူးနေသူသည် ငြိမ်းချမ်းရာတစ်ဖက် ကမ်းရောက်ရေးအတွက် အသေကောင်ပုပ်ကို တွေ့လျှင်လည်း အမှီတံကဲ ပြု၏။ သစ်တုံးကိုတွေ့လျှင်လည်း အမှီတံကဲပြု၏။

သို့ရာတွင် အသေကောင်ပုပ်ကိုတွေ့သောအခါ စက်ဆုပ်၏။ စက်ဆုပ်သော် လည်းမလွန့်ပစ် ။ သင့်သလိုအမှီတံကဲအဖြစ် အသုံးပြု၏။ သစ်တုံးကိုတွေ့ သောအခါ၀မ်းမြောက်၏။ ၀မ်းမြောက်သော်လ ည်းမသိမ်းပိုက်။ သင့်သလို အမှီတံကဲအဖြစ် အသုံးပြု၏.။ သူ့အတွက် တစ်ဖက်ကမ်းရောက် ရေးသာ အဓိက ဖြစ်၏။ အသေကောင်ပုပ်သည်လည်း အဓိကမဟုတ်၊ သစ်တုံးသည် လည်းအဓိကမဟုတ်။ လက်ပြစ်ကူးနေစဉ် ကာလအတွင်း အသုံးပြုစရာ တန်ဆာပလာများသာဖြစ်၏။ တစ်ဖက်ကမ်းကျည်းကုန်းထက်သို့ရောက်ပါက အသုံးပြုစရာတန်ဆာပလာများသည် ဘာမျှအသုံးမကျတော့။ စွန့်ပြစ်ရမည် ချည်းဖြစ်၏။ ဤသို့မြတ်စွာဘုရားသည် မူလပဏ္ဏာသပါဠိတော် (၁၈၈) ကုလ္လောပမသုတ်၌ ဟောကြားတော်မူ၏။

ဗုဒ္ဓဒေသနာတော်အရ သမုဒ္ဒရာ၌လူးလားခေါက်ပြန်လက်ပစ်ကူးနေသူအတွက် အသေကောင်ပုပ်သည် အကုသိုလ်နှင့်တူ၏။ သစ်တုံးသည်ကုသိုလ်နှင့်တူ၏။ ဘာသာရေးလောက၌ လမ်းစဉ်နှင့်ပန်းတိုင်ဟူသော ဝေါဟာရနှစ်လုံးရှိ၏။ ဗုဒ္ဓဘာသာ၌ မဂ္ဂင်ရှစ်ပါးကို လမ်းစဉ်အဖြစ်သတ်မှတ်၍ နိဗ္ဗာန်ကို ပန်းတိုင် အဖြစ်သတ်မှတ်သည်။ လမ်းစဉ်ဟူသည်မှာ တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့်မစွဲလမ်း ဘဲ ဆန္ဒသက်သက်ဖြင့်ယူနိုင်သော သဘောဖြစ်သည်။ ပန်းတိုင်ကိုသာ နှလုံးသွင်းမကောင်းလျှင် တဏှာ မာန ဒိဋ္ဌိတို့ဖြင့် စွဲလမ်းနိုင်သည်။
ဥပမာ သေနတ်ပစ်သောယောကျ်ားသည် ကျည်ဆန်ကိုယူသောအခါ ကျည်ဆန် ၌သိမ်းပိုက်နိုင်ခြင်းမရှိ။ ရယူရုံသက်သက်မျှ သာဖြစ်၏။ သားကောင်၌သာ သိမ်း ပိုက်လိုခြင်းရှိ၏။ ဤသဘောအရ ကျည်ဆန်ကို လမ်းစဉ်ဟူ၍လည်းကောင်း သားကောင်ကိုပန်းတိုင်ဟူ၍လည်းကောင်း ဆိုအပ်၏။ သိမ်းပိုက်လိုခြင်းရှိလာ လျှင် လမ်းစဉ်သည်ပင် ပန်းတိုင်ဖြစ်လာ ၏။

ထို့ကြောင့်ကုသိုလ်နှင့်အကုသိုလ် ကို မဂ္ဂင်ရှစ်ပါး၌ပါ ၀င်အောင် ကြိုးစားအပ်၏။ အကုသိုလ်ကို မဂ္ဂင်ရှစ်ပါး၌ပါ ၀င် အောင်ကြိုးစားရာ တွင် ယင်းအကုသိုလ်ကို ပယ်သတ်နိုင်အောင် သမ္မပ္ပဒါန်နည်း အတိုင်း အားထုတ်ရန်ခြင်းပင်ဖြစ်၏။ ဉာဏ်ရှိ၍ သုံးတတ်ပါက အဆိပ်ပင်ကို လည်း ဆေးဖက်ဝင်အောင် အသုံးပြု၍ရသကဲ့သို့ဖြစ်၏။ ဤနေရာ၌လမ်းစဉ်ကို အသုံးပြုစရာ တန်ဆာပလာအဖြစ်သာ အသုံးပြုအပ်၏။ ပန်းတိုင်အဖြစ်အ သုံး မပြုအပ်။

အကုသိုလ်ကိုအသုံးပြုစရာ တန်ဆာပလာအဖြစ်အသုံးပြုခြင်းဆိုသည်မှာ ပုထုဇဉ်တို့၏သဘာဝအရ မလွှဲသာမရှောင်သာ အကုသိုလ်ကိုပြုမိပါက ယင်းပြုမိသော အကုသိုလ်ကို မေ့ထားရမည်မဟုတ်။ မသိကျိုးကျွန်ပြုရမည် မဟုတ်။ ယင်းအကုသိုလ်ကို ပယ်သတ်ရန်အားထုတ်ရမည်။

စိတ္တာနုပဿနာသတိပဋ္ဌာန်အတိုင်း အကုသိုလ်ကို အကုသိုလ်မှန်းသိရမည်။ ယင်းပြုမိသောအကုသိုလ်ကို အားကြီးသော ဥပနိဿယအကြောင်းပြု၍ ယင်း၏ ဆန့်ကျင်ဘက်ကုသိုလ်ကိုပြုရမည်ဟူ၍ ဖြစ်သည်။ ပန်းတိုင်အဖြစ်အ သုံးပြုခြင်း ငါ၊ ငါ့ဥစ္စာ၊ ငါ့အတွက်သိမ်းပိုက်ခြင်းဖြစ်သည်။ ယင်းကိုတဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် စွဲယူခြင်းဟူ၍ဆိုသည်။

အမှန်အားဖြင့် ဗုဒ္ဓဘာသာသည် လောဘကိုပယ်သတ်သောဘာသာဖြစ်သည်။ နိဗ္ဗာန်ဟူသည်မှာ ဝါန ဟုခေါ် တဏှာလောဘ ကုန်ခြင်းပင်ဖြစ်၏။

ဦးရွှေအောင်၏ ကုသိုလ်နှင့်အကုသိုလ်မှ
ဓမ္မရတနာ

 

မှတ်ချက်ပေးရန်

အကြံပေး မေးမြန်းလိုလျှင် ဒီထဲမှာမှတ်ချက်ပေးခဲ့ပါ။