ပဉ္စင်း
"ပဉ္စင်း"
•••••••••••
"ပဉ္စင်း" ဟူသော ဝေါဟာရမှာလည်း အသုံးတွင်ကျယ်သော ဝေါဟာရ ဖြစ်သည်။ ပဉ်စင်းကို အဘိဓာန်တွင် "ရဟန်း" ဟု ဖွင့်ဆိုသည်။ "ပဉ္စင်္ဂ" (အင်္ဂါငါးပါး) မှ "ပဉ္စင်"၊ ထိုမှ "ပဉ္စင်း" ဟု အဆင့်ဆင့် ပြောင်းလဲလာပုံကို ဖော်ပြကြသည်။ ထိုဝေါဟာရအရ အင်္ဂါငါးပါးနှင့် ပြည့်စုံသော ရဟန်းဟု ဆိုလိုသည်။ ရဟန်းဖြစ်ရန် အင်္ဂါငါးပါးနှင့် ပြည့်စုံရသည်။
၁။ ဝတ္ထု (ရဟန်းလောင်း)
၂။ ပရိသတ် (အနည်းဆုံး ငါးပါးရှိသော သံဃာပရိသတ်)
၃။ ဉ တ် (ကမ္မဝါစာ၏ အချီးစကား)
၄။ ကမ္မဝါ (ကံဆောင်စာ)
၅။ သိမ် (ရဟန်းခံရာသိမ်) ဟူသော အင်္ဂါငါးပါး ဖြစ်သည်။ ရှေးက "ပဉ္စင်" ဟု ဝစ္စပေါက် မပါဘဲလည်း သုံးသည်။ "လယ်နှယ်တီထွင် ၊ စာပေသင်မှ ၊ ပဉ္စင်ဖြစ်မြောက်" ဟူသော အဖွဲ့မျိုးတွင် တွေ့ရသည်။ နောက်ပိုင်းတွင် "ပဉ္စင်း" ဟု ဝစ္စပေါက် ထည့်သုံးသည်။
ပုဂံကျောက်စာများတွင် "ပန်စင်" ဟု ရေးသည်။ "သားပန်စင်ခရုယ်" ဟူသော အရေးအသားမျိုး တွေ့ရသည်။ ထိုအရေးအသားကို ထောက်၍ ဆရာကြီး ဦးဖိုးလတ်က "ပဉ္စင်း" သည် "ပဉ္စင်္ဂ" မှ ဆင်းသက်သည်ဟု မယူဆသင့်ကြောင်း၊ "ပန်" သည် ပြုလုပ်သည်၊ ပြုလုပ်သူဟု ဆိုလို၍ "စင်" သည် "ကြီးမြတ်သည်၊ ကြီးမြတ်သူ" ဟု ဆိုလိုသောကြောင့် "ပန်စင်" သည် "သူမြတ်ပြုခြင်း" ဟု အဓိပ္ပာယ်ရကြောင်း ကြံဆထားသည်။ "ပန်စင်" မှ စာလုံးဆင့်ပြီး "ပဉ္စင်း" ဟု ပြောင်းလာသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
"ပဉ္စင်း" ကို "ဦးပဉ္စင်း"၊ "မောင်ပဉ္စင်း" ဟု စကားချဲ့သုံးသည်။
ကိုးကား။ ။"သံဃာ၊ ရဟန်း ၊ ပဉ္စင်း" - မောင်ခင်မင် (ဓနုဖြူ) ၊ (မြဝတီ ၊ ဇွန် ၂၀၁၀)

မှတ်ချက်ပေးရန်