ဗုဒ္ဓဘာသာ သိမှတ်ဖွယ်ရာများ

 ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော သိမှတ်ဖွယ်ရာများ

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ
၁။ ကကုသန်မြတ်စွာဘုရား
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၄။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မူမည်)

သာသနာတော်သုံးရပ်
၁။ ပရိယတ္တိ သာသနာ = ပိဋကပ်စာပေသင်ကြားခြင်း
၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်း

ရတနာသုံးပါး
၁။ ဘုရား
၂။ တရား
၃။ သံဃာ

ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သောအချက်များ
မြတ်စွာဘုရား၏ ဖခမည်းတောအမည် = သုဒ္ဓေါဓန
မြတ်စွာဘုရား၏ မယ်တော်အမည် = သီရိမဟာမာယာဒေဝီ
မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလဝတ်
မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္တမင်းသား
မြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာ
မြတ်စွာဘုရား၏ သားတော် = ရာဟုလာ
မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= ဆန္နအမတ်၊ ကဏ္ဍကမြင်း၊ ကာဠုဒါယီအမတ်၊
ရွှေအိုးကြီးလေးလုံး၊ ညီတော်အာနန္ဒာ၊ ယသော်ဓရာ၊ ဗောဓိညောင်ပင်

သံဝေဇနိယ လေးဌာန
၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ် = လုမ္ဗိနီဥယျာဉ်
၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ = ဗုဒ္ဓဂါယာ
၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ = မိဂဒါဝုန်တော
၄။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ

သတ္တဌာန ခုနှစ်ပါး
၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန
၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ်
၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြံ
၄။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်
၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင်
၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန
၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ်

ဘုရားဂုဏ်တော်ကိုးပါး
၁။ အရဟံ = ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။
၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသိမြင်တော်မူသောဂုဏ်။
၃။ ဝိဇ္ဇာစရဏသမ္ပန္နော = ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့် ပြည့်စုံတော်မူသောဂုဏ်။
၄။ သုဂတော = ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။
၅။ လောကဝီဒူ = လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။
၆။ အနုတ္တရော ပုရိသ ဒမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တဝါတို့ကို
ယဉ်ကျေးအောင်ဆုံးမသောဂုဏ်။
ရ။ သတ္ထာဒေဝမနုဿာနံ = နတ်လူတို့၏ ဆရာဖြစ်သောမူသောဂုဏ်။
၈။ ဗုဒ္ဓေါ = သစ္စာလေးပါးကို သိတော်မူသောဂုဏ်။
၉။ ဘဂဝါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။

တရားဂုဏ်တော် ခြောက်ပါး
၁။ သွာက္ခာတော = တရားတော်၏ အစအလယ်အဆုံးကောင်းသောဂုဏ်။
၂။ သန္ဒိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို
အောင်တတ်သောဂုဏ်။
၃။ အကာလိကော = အခါမလင့် ကောင်းကျိုးချမ်းသာပေးတတ်သောဂုဏ်။
၄။ ဧဟိပဿိကော = လာလှည့်ရှုလှည့်ဟူ၍ အစီရင်ကိုခံထိုက်သောဂုဏ်။
၅။ သြပနေယျိကော = စိတ်နှင့်မခွာဘဲဆောင်ခြင်းငှာထိုက်သောဂုဏ်။
၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ = ပညာရှိတို့စိတ်၌ သိအပ်ခံစားအပ်သောဂုဏ်။

သံဃာ့ဂုဏ်တော် ကိုးပါး
၁။ သုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ကောင်းစွာကျင့်တော်မူသောဂုဏ်။
၂။ ဥဇုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ဖြောင့်မတ်စွာကျင့်သောဂုဏ်။
၃။ ဉာယပ္ပဋိပန္နော = နိဗ္ဗာန်၏ အကျိုးငှာ ကျင့်တော်မူသောဂုဏ်။
၄။ သာမိစိပ္ပဋိပန္နော = အရိုအသေပြုထိုက်အောင် သိက္ခာတို့ကိုရိုသေထိုက်သောဂုဏ်။
၅။ အာဟုနေယျော = အဝေးမှဆောင်၍ သီလဝန္တတို့အား လှူအပ်သော ပစ္စည်းကို
ခံယူတော်မူထိုက်သောဂုဏ်။
၆။ ပါဟုနေယျော = ချစ်ခင်နှစ်လိုအပ်သောဧည့်သည်တို့အဖို့ စီရင်ထားသော
မြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။
ရ။ ဒက္ခိနေယျော = တမလွန်လောကကို ယုံကြည်၍ပေးအပ်သော မြတ်သော
အလှူကိုခံတော်မူထိုက်သောဂုဏ်။
၈။ အဉ္ဇလီကရဏီယျော = ကောင်းမူကိုအလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ
ထိုက်တော်မူသောဂုဏ်။
၉။ အနုတ္တရံပုညက္ခေတ္တံ = ကောင်းမူတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ
လယ်မြေကောင်းသဖွယ်ဖြစ်သောဂုဏ်။

အနှစ်သုံးပါး
၁။ ဒါန ၂။ သီလ ၃။ ဘာဝနာ

ပစ္စည်းလေးပါး
၁။ ဆွမ်း ၂။ ဆေး ၃။ သင်္ကန်း ၄။ ကျောင်း

ဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး
၁။ ပကတိမျက်စိကြည်လင်ခြင်း
၂။ ဉာဏ် (မျက်စိ)ကြည်လင်ခြင်း

ဆွမ်းအကျိုး ငါးပါး
၁။ အာယု = အသက်ရှည်ခြင်း
၂။ ၀ဏ္ဏ = အဆင်းလှခြင်း
၃။ သုခ = ချမ်းသာကြီးခြင်း
၄။ ဗလ = ခွန်အားကြီးခြင်း
၅။ ပရိဘာန = ဉာဏ်ပညာကြီးခြင်း

ပန်းလှူရသည့် အကျိုးသုံးပါး
၁။ ရုပ်ရည်လှပသည်။
၂။ ခန္ဒာကိုယ်သန့်ရှင်းစင်ကြယ်စေသည်။
၃။ ခံတွင်းအနံ မွှေးကြည်စေသည်။

သီလရှိသူ ရနိုင်သောအကျိုး ငါးပါး
၁။ စည်းစိပ်ဥစ္စာရရှိနိုင်သည်။
၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။
၃။ တင့်တင့်တယ်တယ်နေနိုင်သည်။
၄။ မတွေမဝေဘဲသေရမည်။
၅။ သေပြီးနောက် ကောင်းသောဘဝရောက်နိုင်သည်။

တရားနာခြင်း၏ အကျိုး ငါးပါး
၁။ မကြားဖူးသော ထုံနည်းပုံစံ တရားကောင်းတို့ကို ကြားရခြင်း။
၂။ ကြားဖူးသော တရားကောင်းကို အဖန်တလဲလဲ မှတ်မိအောင်နာကြားရခြင်း။
၃။ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း။
၄။ အယူဝါဒကို ဖြောင့်မတ်စွာ ယူနိုင်ခြင်း။
၅။ သဒ္ဓါယုံကြည်သောစိတ်တိုးပွားစေခြင်း။

မေတ္တာအကျိုး ၁၁ ပါး
၁။ ချမ်းသာစွာအိပ်ရသည်။
၂။ ချမ်းသာစွာနိုးရသည်။
၃။ မကောင်းသောအိမ်မက်မမြင်
၄။ လူနတ်ချစ်သနားသည်။
၅။ ဘေးလွတ်အောင်နတ်တို့စောင်မသည်။
၆။ မီးမလောင်နိုင်
၇။ ဓားလက်နက်မထိနိုင်
၈။ အဆိပ်နှင့်မသေနိုင်
၉။ မကောင်းသောစိတ်ပျောက်သည်။
၁၀။ မျက်နှာအဆင်းလှသည်။
၁၁။ မတွေဝေဘဲသေ၍ ဗြမ္မာပြည်သို့ရောက်သည်။

သည်းခံခြင်းအကျိုး ငါးမျိုး
၁။ လူအများချစ်ခြင်း။
၂။ ရန်ငြိမ်းခြင်း။
၃။ အပြစ်နည်းခြင်း။
၄။ မတွေမဝေသေရခြင်း။
၅။ သုဂတိဘဝသို့လားရခြင်း။

အပယ်လေးပါး
၁။ ငရဲ ၂။ တိရိစ္ဆာန် ၃။ ပြိတ္တာ ၄။ အသူရကာယ်

ကပ်သုံးပါး
၁။ ဒုဗ္ဘိက္ခနန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ်
၂။ သတ္တန္တတရကပ် = လက်နက်ဘေးကြောင့် ပျက်စီးသောကပ်
၃။ ရောဂနန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးသောကပ်

ရပ်ပြစ်ရှစ်ပါး
၁။ ငရဲ = ချမ်းသာမှုအလျဉ်းမရှိသောအရပ်
၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျေပေးသောသတ္တဝါ
၃။ ပြိတ္တာ = ကိုယ်လက်အင်္ဂါ မမျှတသောသတ္တဝါ
၄။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိ၍ အသက်နာမ်မရှိသော ဗြဟ္မာဘုံ
၅။ ပစ္စန္တရာဇ် = ရတနာသုံးပါး မသိ၊ မရှိသော တောချုံ အုံခြားအရပ်
၆။ မိစ္ဆာဒိဌိ = မှားသောအယူရှိသော လူမျိုးစု
၇။ ဝိကလိန္ဒြိယ = သစ္စာလေးပါးတရားကိုနာကြားရသော်လည်းနားမလည်နိုင်သော ပညာဉာဏ်မရှိသူ
၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သော
ကာလနှင့်လွဲ၍ လူဖြစ်ရခြင်း။

ရန်သူမျိုး ငါးပါး
၁။ ရေ ၂။ မီး ၃။ မင်းဆိုး ၄။ သူခိုး ၅။ မချစ်မနှစ်သက်သောသူ

ဝိပတ္တိတရား လေးပါး (ဝိပတ္တိ-ဖောက်ပြန်ချွတ်ယွင်းခြင်း)
၁။ ဂတိဝိပတ္တိ = အပါယ်လေးဘုံတို့၌ဖြစ်ရခြင်း။
၂။ ဥပဓိဝိပတ္တိ = ရုပ်အဆင်းအင်္ဂါ (ဥပဓိ)ချို့တဲ့ခြင်း။
၃။ ကာလဝိပတ္တိ = ခေတ်ပျက် ကာလပျက်၊ မင်းဆိုးမင်းယုတ်တို့အုပ်ချုပ်သောကာလ၌ ကြုံရခြင်း။
၄။ ပယောဂဝိပတ္တိ = အသိအလိမ္မာ ဉာဏ်ပညာမရှိ၊ သတိ ဝီရိယလည်းမရှိ၍ လုပ်မှားကိုင်မှား အပြစ်များကိုသာကျူးလွန်မိခြင်း။

ဗျသနတရား ငါးပါး
၁။ ဉာတိဗျသန = ဆွေမျိုးဉာတိတို့ သေကျေပျက်စီးခြင်း
၂။ ဘောဂဗျသန = ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာလျောကျပျက်စီးခြင်း
၃။ ရောဂဗျသန = အနာရောဂါ နှိပ်စက်ပျက်စီးခြင်း
၄။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း
၅။ ဒိဌိဗျသန = အယူဝါဒ လွဲမှားပျက်စီးခြင်း

ကိလေသာ သုံးပါး
၁။ လေဘ ၂။ ဒေါသ ၃။ မောဟ

ကာလ သုံးပါး
၁။ အတိတ် = လွန်လေပြီးသောကာလ
၂။ ပစ္စုပ္ပါန် = လက်ရှိကာလ
၃။ အနာဂတ် = နောင်ကာလ

အဂတိတရား လေးပါး
၁။ ဆန္ဒ ၂။ ဒေါသ ၃။ ဘယာ ၄။ မောဟ

မျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား သုံးပါး
၁။ ဣတ္ထိဓုတ္တ = မိန်းမလိုက်စားခြင်း
၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း
၃။ အက္ခဓုတ္တ = လောင်းကစားခြင်း
သရဏဂုံပျက်ရသောအကြောင်း နှစ်ပါး

၁။ မိစ္ဆာဒိဌိအယူကိုပြောင်းယူခြင်း ၂။ သေဆုံးခြင်း

ကံသုံးပါး
၁။ ကာယကံ = ကိုယ်ဖြင့်ပြုခြင်း
၂။ ၀စီကံ = နှုတ်ဖြင့်ပြုခြင်း
၃။ မနောကံ = စိတ်ဖြင့်ပြုခြင်း

ကာယကံ(၃)ပါး
၁။ ပါဏာတိပါတ = သူ့အသက်သတ်ခြင်း
၂။ အဒိန္နာဒါန = သူ့ဥစ္စာခိုးယူခြင်း
၃။ ကာမေသုမိစ္ဆာစာရ = သူ့များသားမယား ပြစ်မှားကျူးလွန်ခြင်း

ဝစီကံ(၄)ပါး
၁။ မုသာဝါဒ = မဟုတ်မမှန်သော
၂။ ပိသုဏဝါစာ = ချောပစ်ကုန်းတိုက်သောစကားပြောခြင်း
၃။ ဖရုသဝါစာ = ကြမ်းတမ်းသော (ဆဲရေး) စကားပြောခြင်း
၄။ သမ္ဖပ္ပလာပ = သိမ်ဖျင်းသောစကား(အနှစ်မဲ့သောစကား)ပြောခြင်း

မနောကံ(၃)ပါး
၁။ အဘိဇ္စျာ = သူတပါးစည်းစိမ်ကိုမတရားကြံစည်ခြင်း
၂။ ဗျာပါဒ = သူတပါးပျက်စီးအောင် ကြံစည်ခြင်း
၃။ မိစ္ဆာဒိဌိ = အယူမှားခြင်း

အာရုံ ခြောက်ပါး ကာမဂုဏ်တရားများ
၁။ ရှုပါရုံ = အဆင်းအာရုံ
၂။ သဒ္ဒါရုံ = အသံအာရုံ
၃။ ဂန္ဓာရုံ = အနံအာရုံ
၄။ ရသာရုံ = အရသာအာရုံ
၅။ ဖောဌဗ္ဗရုံ = အတွေ့အာရုံ
၆။ ဓမ္မာရုံ = တရားသဘောအာရုံ

ပိဋကတ် သုံးပုံ
၁။ သုတ္တန် ၂။ ဝိနည်း ၃။ အဘိဓမ္မာ

စေတနာ သုံးတန်
၁။ ပုဗ္ဗ = ကြိုတင်စေတနာ
၂။ မုဉ္စ = ပြုဆဲစေတနာ
၃။ ပရ = ပြုပြီးစေတနာ

လောကပါလ တရားနှစ်ပါး ( လောကကို စောင့်ရှောက်သော တရား။ )
ဟိရီ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ရှက်ခြင်း၊
ဩတ္တပ္ပ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ကြောက်ခြင်း၊

လောက သုံးပါး
၁။ သတ္တလောက = လူသတ္တဝါများ၏ လောက
၂။ သင်္ခါရလောက = ဖြစ်ပျက်ပြုပြင်လောက
၃။ သြကာသလောက = ရှိရှိသမျှလူသတ္တဝါအားလုံးရှိသောလောက

ဗြဟ္မစိုရ်တရား လေးပါး
၁။ မေတ္တာတရား ၂။ ကရုဏာတရား ၃။ မုဒိတာတရား ၄။ ဥပက္ခာတရား

သမ္ပတ္တိတရား လေးပါး
၁။ ကာလသမ္ပတ္တိ = ခေတ်အခါကောင်းနှင့် ကြံုတွေ့ရခြင်း။
၂။ ဂတိသမ္ပတ = လူ့ဘဝနတ်ဘဝကဲ့သို့ ကောင်းသောဂတိနှင့် ကြံုတွေ့ရခြင်း။
၃။ ဥပဓိသမ္ပတ = ခြေလက်အင်္ဂါညီညာပြည့်စုံခြင်း၊ ရုပ်ရည်ရူပကာတင့်တယ်ခြင်း။
၄။ ပယောဂသမ္ပတ = ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးဖြူစင်ကောင်းမွန်ခြင်း။

သမ္ပဒါတရား လေးပါး (မျက်မှောက်ကြီးပွားကြောင်းတရား လေးပါး)
၁။ ဥဌာနသမ္ပဒါ = ထကြွလုံ့လဝီရိယနှင့် ပြည့်စုံမှု
၂။ အာရက္ခသမ္ပဒါ = စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု
၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု
၄။ သမဇီဝိတသမ္ပဒါ = မျှတစွာအသက်မွေးမှု

ခန္ဓာ ငါးပါး
၁။ ရူပက္ခန္ဓာ
၂။ ဝေဒနာက္ခန္ဓာ
၃။ သင်္ခါရက္ခန္ဓာ
၄။ သညာက္ခန္ဓာ
၅။ ၀ိညာဏက္ခန္ဓာ

သစ္စာ လေးပါး
၁။ ဒုက္ခသစ္စာ
၂။ သမုဒယသစ္စာ
၃။ နိရောဓသစ္စာ
၄။ မဂ္ဂသစ္စာ

မဂ်တရားလေးပါး
၁။ သောတာပတ္တိမဂ်
၂။ သကဒါဂါမိမဂ်
၃။ အနာဂါမိမဂ်
၄။ အရဟတ္တမဂ်

စေတီ လေးမျိုး
၁။ ဓါတုစေတီ = ဘုရားရှင်၏ ဓါတ်တော်များဌာပနာသောစေတီ
၂။ ဓမ္မစေတီ = ပိဋကတ်သုံးပုံတရားစာပေများ
၃။ ဥဒ္ဓိဿစေတီ = ဘုရားရှင်ကို ရည်မှန်းထုလုပ်ထားသော ရုပ်ပွားတော်(ရပ်၊လျောင်းထိုင်) ပုံတော်များ။
၄။ ပရိဘောဂစေတီ = ဘရားရှင်၏ အသုံးအဆောင်ဖြစ်သော သပိတ်၊ သင်္ကန်း စသည်တို့ ဌာပနာထားသောစေတီ ၊ ဗာဓိပင်။

ဥပါယ်တံမျဉ် လေးမျိုး
၁။ ဘေဒဥပါယ် = သဘောထားအယူအဆကွဲလွဲအောင် သွေးတိုးသပ်လျှိုသည့်နည်းလမ်း။
၂။ ဒဏ္ခုဥပါယ် = ထောင်ချခြင်း၊ အချုပ်ချခြင်းစသော ဒဏ်ခတ်သည့်နည်းလမ်း။
၃။ သာမဥပါယ် = ရင်းနှီးအောင်ပေါင်းသင်းဆက်ဆံခြင်း၊ ကိုယ်ဘက်ပါအောင် ဖျောင်းဖျ
ပြောဆိုစည်းရုံးခြင်းနည်းလမ်း။
၄။ ဒါနဥပါယ် = ပေးကမ်းခြင်းနည်းလမ်း။

မှတ်ချက်ပေးရန်

အကြံပေး မေးမြန်းလိုလျှင် ဒီထဲမှာမှတ်ချက်ပေးခဲ့ပါ။