ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်၌ စာသင်သားသစ်များ လက်ခံခြင်း


ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်၌ နှစ်စဉ်နှစ်တိုင်း စာသင်သားသစ်များ လက်ခံလျှက်ရှိပါသည်။ တခူး၊ ကဆုန်၊ နယုန်လ ဤသုံးလအတွင်းမှာ စာသင်သားအသစ်များ လက်ခံသွားမည်ဖြစ်ပါသည်။ စာသင်သားအသစ် သံဃာတော်များသည် တစ်ပါးလျှင် အာမခံငွေ ၂၀၀၀၀ ကျပ်တိတိ ထည့်သွင်းရမည်ဖြစ်ပါသည်။ နှစ်ကုန်စာမေးပွဲ ဖြေပြီးစီးပါက ပြန်လည်ထုတ်ယူနိုင်ပါသည်။ (မှတ်ချက်- စာမေးပွဲပြီးဆုံးသည့်အထိ မ​နေသူ၊ အပြစ်တစ်ခုခုလုပ်မိ၍ ပြန်သောသူသည် ငွေထုတ်ယူနိုင်မည်မဟုတ်ပါ။)

စာသင်သားသံဃာအသစ်များ လက်ခံမှု

  1. စာသင်သားသံဃာအသစ်အပ်သူ(သို့မဟုတ်) အပ်စာ တစ်ခုခုပါရမည်။
  2. အခြေခံစာ ဆိုင်ရာပြည်နယ်/မြို့နယ်စာမေးပွဲ၌ ပထမတန်း အောင်သူ ဖြစ်ရမည်။
  3. မြန်မာစာ ရေးတတ်/ဖတ်တတ်သူ ဖြစ်ရမည်။(အနိမ့်ဆုံး)
  4. ကဆုန်လကွယ်ထက်နောက်မကျစေရ။
  5. အသက် (၁၀)နှစ် အထက်ဖြစ်ရမည်။
  6. အကျင့်စာရိတ္တ / အင်္ဂါလက္ခဏာကောင်းသူဖြစ်ရမည်။
  7. မွေးသက္ကရဇ်/ လ/ ရက် စသည်ပြည့်စုံအောင် ဖေါင်ဖြည့်ရမည်။
  8. အနည်းဆုံးအာမခံငွေ နှစ်သောင်း(၂၀၀၀၀)ကျပ်တိတိ သွင်းရမည်။

မှတ်ချက်ပေးရန်

အကြံပေး မေးမြန်းလိုလျှင် ဒီထဲမှာမှတ်ချက်ပေးခဲ့ပါ။